ရခိုင်ပြည်နယ်၊ သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်း အာရက္ခတပ်တော် (AA) လက်အောက် မကျသွားရေးအတွက် စစ်ကောင်စီတပ်က အင်အားသုံး ခုခံနေတယ်လို့ AA ဘက်က ပြောပါတယ်၊၊
သံတွဲမြို့မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ ၅၆၆ နဲ့ ခြေလျင်တပ်ရင်း ခလရ ၅၅ တို့ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မောင်ရွှေလေးရေတပ်စခန်းဟာ သံတွဲမြို့မှာ စစ်ကောင်စီရဲ့နောက်ဆုံးခံစစ် စခန်းဖြစ်ပါတယ်၊၊
အခုချိန်ထိတော့စစ်ကောင်စီက ရန်ကုန်နဲ့ပုသိမ်မှာရှိတဲ့ ရေတပ်တွေကလာတဲ့ စစ်သင်္ဘော ၈ စင်းနဲ့အတူ စစ်အင်အားဖြည့်တင်းတာတွေ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ခုခံနေတာတွေရှိနေဆဲဖြစ်တယ်လို့သိရပါတယ်၊၊
#မြန်မာ #ဧရာဝတီ #မောင်ရွှေလေးရေတပ် #AA #ခုခံ #သံတွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR