နိုင်ငံတဝန်း စစ်ရှုံးနေပြီး မြို့နယ်အများအပြားကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ ပြည်သူ့လုံခြုံရေး စနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပြီး အသက် ၃၅ ကနေ ၆၅ အရွယ်ရှိသူတွေကိုပါ လုံခြုံရေးခေါင်းစဉ်အောက်ကနေ အင်အားစုဆောင်းနေပါတယ်။
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့လိုက်ပြီး အဲ့စနစ်အရ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးမဝင် ၆၅ နှစ်အောက်အမျိုးသားတွေကို သက်ရောက်မှာဖြစ်ပြီး မြို့နယ်၊ ကျေးရွာတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူကြရမှာပါ။
နယ်မြေ လုံခြုံရေးအတွက် လိုအပ်လာတဲ့ စစ်အင်အားအတွက် လုံခြုံရေးတာဝန်တွေ ယူနိုင်ဖို့ဆိုရင် အခြေခံ စစ်ပညာကို တတ်ကျွမ်းထားပြီး အခြေခံအဆင့် ကိုယ့်ကိုယ်ကို တကိုယ်ရည် ခုခံနိုင်တဲ့ အနေအထားမှာ ရှိရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကို ရောက်ဖို့ ဆိုရင်လည်း စစ်သင်တန်း အခြေခံအဆင့်လောက်အထိ တတ်ရောက်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီအနေနဲ့ အတွေ့အကြုံမရှိတဲ့ အသက် ၃၅ နှစ်ကနေ ၆၅ အရွယ် အရပ်သားတွေကို ပြည်သူ့လုံခြုံရေးအတွက် အသုံးပြုဖို့ ကြိုးပမ်းနေတာဟာ စစ်တပ်ရဲ့ အင်အားပြုန်းတီးမှုကို မီးမောင်း ထိုးပြ နေတာလို့ စစ်ရေးအကဲခတ်တွေက ထောက်ပြနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ပြည်သူ့လုံခြုံရေး #အကြမ်းဖက်နှိမ်နင်းရေး #၆၅နှစ်အောက် #အမျိုးသား #အင်အားစုဆောင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR