ရခိုင်ပြည်နယ်၊မောင်တောမြို့တိုက်ပွဲထဲမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၂၆၀၀၀ နီးပါးကို ကယ်ထုတ်ထားတယ်လို့ အာရက္ခတပ်တော် AA က ဩဂုတ်လ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်၊၊
ဒီအရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ်သားတွေ နဲ့ သူတို့လက်နက်တပ်ဆင် ပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် ခံထားရတဲ့သူတွေဖြစ်ပြီး ရိုဟင်ဂျာအများစုနဲ့ ရခိုင်တွေလည်း ပါဝင်တယ်လို့ အာရက္ခတပ်တော်က အတည်ပြုပါတယ်၊၊
လက်ရှိအချိန်ထိတော့ မောင်တောမြို့က အချို့နေရာတွေမှာ AA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်၊၊
ဇွန်လ ကတည်းက အပြီးသတ်တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်ထားတဲ့ မောင်တော မြို့တိုက်ပွဲဟာ နယ်ခြားစောင့်တပ် နခခ (၅) တပ်ရင်းတခုသာ ကျန်ရှိတော့ပေမယ့် သုံးလနီးပါးကြာတဲ့အထိ အပြင်းအထန် ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပါတယ်၊၊
#မြန်မာ #ဧရာဝတီ #မောင်တော #လူသားဒိုင်းကာ #AA #ရိုဟင်ဂျာ #တိုက်ပွဲ