အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာ နဲ့ မြို့အနီး တဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေကို အခုရက်ပိုင်းတွေ အတွင်းမှာ အတင်းအဓမ္မ ဖမ်းဆီးမှုတွေ ပြုလုပ်နေ ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ဖက်ရည်ဆိုင်ထဲထိ ပေါ်ပေါ်ထင်ထင်ဖမ်းဆီးတာ အပြင် အရပ်ဝတ် တွေဝတ်ကာ အိမ်စီးကားတွေနဲ့ပတ်ပြီး နေ့ရော ညပါ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
မုံရွာမှာ အင်အားအလုံးအရင်းစုဆောင်းနေမှုဟာ ဒီပဲယင်းမြို့ တိုက်ခိုက်ခံရ မှုနောက်ပိုင်း နမခ အနီး မြို့တွေမှာ တိုက်ပွဲ ဖြစ်ပွားချိန် စစ်ကူပို့နိုင်ဖို့ အင်အား စုဆောင်းတာလို့ ယူဆရကြောင်း တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #မုံရွာ #နမခ #စစ်သားစုဆောင်း #ဖမ်းဆီး #စစ်ကူအင်အား