ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဦးဆောင်နေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ကို တိုက်ပွဲတွေချက်ချင်းရပ်တန့်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီ က ဩဂုတ် ၂၉ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ TNLA ဘက်က အတည်ပြုပါတယ်။
TNLA ကိုပေးပို့တဲ့ အကြောင်းကြားစာထဲမှာ တိုက်ပွဲတွေချက်ချင်းရပ်တန့်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တင်းတင်းမာမာ သတိပေးထားတာ တွေ့ရပါတယ်။
ဒီအကြောင်းကြားစာပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီး TNLA ဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် တရုတ်နိုင်ငံ အနေနဲ့ ကြောက်ရွံ့ကျိုးနွံမှုနဲ့ ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။
တရုတ်အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း အစမှာကတည်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ TNLA နဲ့ MNDAA ထိန်းချုပ်တဲ့ နယ်စပ်ဒေသတွေက ကုန်သွယ်ရေးဂိတ်တွေတဆင့် တင်ပို့နေတဲ့ စားသောက်ကုန်၊ စက်သုံးဆီနဲ့ ဆေးတင်ပို့မှု ထိန်းချုပ်ပြီး ဖိအားပေးမှုတွေရှိနေတယ်လို့ FPNCC အဖွဲ့ဝင်အရာရှိ က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #၁၀၂၇စစ်ဆင်ရေး