မြန်မာအမျိုးသား ဒီမိုကရတ်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ထိန်းချုပ်မှု လက်အောက်မှာ ရှိနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့ကို သြဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီ က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လားရှိုးမြို့ပေါ်က ရပ်ကွက် ၁၀မှာ ရှိတဲ့ အမှတ် (၈) အထက်တန်းကျောင်းက ကျောင်းဆောင်တွေနဲ့ နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ လားရှိုးမြို့ထဲကို ဒေသခံတွေ ၃၀ရာခိုင်နှုန်းဝန်းကျင် ပြန်လည် ဝင်ရောက် နေထိုင်နေပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ သူတို့ လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ အသက်အန္တရာယ် စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #MNDAA
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR