အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။
တရားမျှတမှု ကို ဖော်ဆောင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သက်သေများစုစည်း ပြင်ဆင်တာ မှတ်တမ်းပြုစုနေကြတာလည်း ရှိနေပါတယ်။
အမျိုးသမီးတွေ ဘဝ လုံခြုံ ငြိမ်းချမ်းမှ တိုင်းပြည် ငြိမ်းချမ်းမှာ ဖြစ်တဲ့အကြောင်း အပါအဝင် နိုင်ငံတကာအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ် သုံးသပ်ချက်တွေကို လုံခြုံရေးဆိုင်ရာ ပညာရှင် ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်၊ ဟစ်ဟော့ အနုပညာရှင် မသဇင်ညွန့်အောင် နဲ့ ဧရာဝတီ အယ်ဒီတာ ငြိမ်းငြိမ်း တို့က အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးဝိုင်း အပိုင်း (၂) မှာ ဆွေးနွေးထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါက်တာမီမီဝင်းဘတ် #women #peace #security #WPS #justice #Myanmar #revolution #သဇင်ညွန့်အောင်