မန္တလေးတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူက ဧရာဝတီကို အတည်ပြုပါတယ်။
စက်တင်ဘာ ၃ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့ရာမှာ ၇ လုံးက အောင်မြင်စွာ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေဟာ လပခ ထဲမှာ ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့သလို၊ အရပ်သား ပြည်သူတွေနေထိုင်ရာ နေရာအချို့မှာလည်း ထိခိုက်မှုတွေရှိခဲ့ပြီး နေအိမ်တလုံးနဲ့ အရပ်သားတဦး ထိခိုက်ဒါဏ်ရာရခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိ ဗိုလ်မှူးကြီး တစ်ဦး၊ အရာရှိ ၃ ဦး အပါအ၀င် ၇ ဦးသေဆုံးပြီး၊ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၊ ၄ ဦး ကတော့ စိုးရိမ်ရတယ်လို့ BWM အဖွဲ့က ထုတ်ပြန်ပေမယ့်၊ ထိခိုက်သေဆုံးမှုနဲ့ အပျက်အစီး ဆုံးရှုံးမှုတွေကို ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
#မြန်မာ #ဧရာဝတီ #မန္တလေး #လပခ #ရှော့တိုက်ဒုံး #တိုက်ခိုက် #BWM