မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီက ကြေညာလိုက်တာဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေရပ်သွားပြီဆိုတဲ့ သဘောသက်ရောက်တယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေကို စစ်ကောင်စီလက်အောက်ခံအကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အကြမ်းဖက်အဖွဲ့စည်းအဖြစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်၊၊
စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပေါ် အကြမ်းဖက်အဖွဲ့အစည်း ကြေညာလိုက်တာဟာ မဟာမိတ် ၃ ဖွဲ့အပေါ် သက်ရောက်မှုတွေ ကြီးကြီးမားမား မရှိနိုင်ပေမယ့် ပြည်သူလူထုနဲ့ လူမှု အဖွဲ့အစည်းတွေအပေါ် ဒီအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲဖမ်းဆီးမှုတွေ ရှိလာနိုင်တယ်လို့ ဥပဒေပညာရှင် တဦးက သုံးသပ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အကြမ်းဖက်အုပ်စု #ကြေညာ #TNLA #MNDAA #AA