မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်ထိ ကြိုက်တဲ့ဆေးကို အချိန်မရွေး လိုသလောက် ဝယ်လို့ရခဲ့ ပေမယ့် အခုအချိန်မှာတော့ ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ဝယ်မရတာမျိုးတွေကို ဝေဒနာရှင်တွေ ကြုံနေရကြရပါပြီ။
စစ်ကောင်စီက ဆေးဝါးတင်သွင်းမှုကို ပိုမိုတင်းကြပ်လာတာကြောင့် ပြည်တွင်းမှာ ဆေးဝါးပြတ်လပ်မှု ပိုမိုဆိုးရွားလာနေသလို ဈေးတွေထိုးတက်ကုန်ပြီး လုပ်ငန်းရပ်တည်ဖို့ ခက်ခဲလာတာကြောင့် အရောင်းပိတ်လိုက်ရတဲ့ ဆေးဆိုင်တွေလည်း ရှိလာနေပါတယ်။
နိုင်ငံခြားသုံးငွေလိုအပ်ချက်ကြီးမားနေတဲ့ စစ်ကောင်စီဟာ ဆေးဝါးတင်သွင်းမှုကို တရစ် ခြင်း ကန့်သတ်နေပြီး ဆေးဝါးတင်သွင်းမှုကို ထပ်မံကန့်သတ်ဖို့ ပြင်ဆင်လိုက်တာဟာ ဆေးဝါးရှားပါးနေတဲ့ အခုလိုချိန်မှာ အခြေအနေ ပိုဆိုးဝါး လာနိုင်တယ်လို့ ဆေးတင်သွင်း ရောင်းချသူတွေက ဆိုကြပါတယ်။
#မြန်မာ #ဧရာဝတီ #ဆေးဝါး #ပြတ်လတ် #စစ်ကောင်စီ #ကန့်သတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR