၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို သမိုင်းဝင် ရှုံးနိမ့်ခဲ့ရတဲ့ စစ်ခေါင်းဆောင်ဟာ သီတင်းပတ် နှစ်ပတ်အတွင်း ကျန်တဲ့ စစ်တိုင်းနဲ့ ဌာနချုပ်တွေကို ဆက်တိုက် သွားရောက်ခဲ့ပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် ပြန်ယူမယ်လို့ ပြောဆိုခဲ့ပါတယ်။
လက်လွတ်လိုက်ရတဲ့ မြို့တွေကို ပြန်သိမ်းမယ်လို့ ကြုံးဝါးနေတဲ့ စစ်ခေါင်းဆောင် ဟာ သူရဲ့ခရီးစဉ်တွေကို လှို့ဝှက်စွာ လုပ်ဆောင်ခဲ့ပြီး လုံခြုံရေးတင်းကြပ်စွာနဲ့ တွေ့ဆုံခဲ့တာကို မြင်ရပါတယ်။
တော်လှန်ရေး အင်အားစုတွေဘက်က တိုက်ခိုက် သိမ်းယူထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် ပြန်ယူမယ်ဆိုတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ တကယ်မြေပြင်မှာတော့ မဖြစ်နိုင်ပဲ တပ်တွင်း ဝါဒဖြန့် မှု တခုသာ ဖြစ်နိုင်တယ်လို့ မြို့တွေကို သိမ်းပိုက်ရရှိထားတဲ့ တိုင်းရင်းသားတပ်တွေ က ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ခေါင်းဆောင် #ဆုံးရှုံးမြို့ #ပြန်တိုက် #ဝါဒဖြန့်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR