စစ်အာဏာရှင် တွေဟာ ခေတ်အဆက်ဆက် အာဏာတည်မြဲရေးအတွက် လူထုအကြား ဘာသာရေး၊ လူမျိုးရေး ဝါဒမှိုင်းတိုက်ပြီး သွေးခွဲအုပ်ချုပ်ခဲ့ကြသလို လက်ရှိ တော်လှန်ရေးကာလမှာလည်း အလားတူ လုပ်ရပ်တွေကို ဖန်တီးနေဆဲဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူထုထောက်ခံမှု အပါအဝင် စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်က ကျရှုံးနေပါတယ်။ ဒီလိုအခြေအနေတွေကို ဖုံးကွယ်နိုင်ဖို့ အတွက် ဘာသာရေး၊ လူမျိုးရေး ပဋိက္ခတွေ ပေါ်ပေါက်လာဖို့ လှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။
တဘက်မှာလည်း လွတ်လပ်တဲ့ ဆရာတော်၊ သံဃာတော်တွေနဲ့ ဘာသာရေးဆရာတွေ၊ ဒီမိုကရေးစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ စစ်တပ်ရဲ့ ဝါဒမှိုင်းတိုက် သပ်လျှိုမှုတွေကို ရှောင်ရှားနိုင်ကြဖို့ သတိပေးမှုတွေ လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။
ရုပ်/သံ – The Watchdog Team
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ဝါဒမှိုင်း #ဘာသာရေး #လူမျိုးရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR