မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အနည်းဆုံးအရပ်သား ၁ ဦး သေဆုံးပြီး၊ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပေါ်က အမှတ် ၁ ရပ်ကွက် တိုင်းရုံးဝင်ပေါက်နဲ့ လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲမရှိတဲ့ အများပြည်သူနေရာတွေနဲ့ လူနေအဆောက်အအုံတွေကို အကြိမ်ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ ပြည်သူများတွေရဲ့ သေဆုံးမှုကို လုံးဝဂရုမစိုက်ဘဲ လူသားမျိုးနွယ်အပေါ် တမင်တကာ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ လုပ်ရပ်သာဖြစ်တယ်လို့လည်း MNDAA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့ကို စက်တင်ဘာ ၈ ရက်နေ့ညနဲ့ ဩဂုတ်လ ၃၀ ရက်နေ့ တွေကလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သေးပေမယ့် အဲဒီတိုက်ခိုက်မှုတွေမှာတော့ လူ ထိခိုက်သေဆုံးမှုတွေမရှိခဲ့ပါဘူး။
#မြန်မာ #ဧရာဝတီ #လားရှိုး #လေကြောင်းဗုံးကြဲ #စစ်ကောင်စီ # MNDAA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR