မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဖိအားကို ရင်ဆိုင်လာရပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ထိခိုက်မှာ စိုးရိမ်လာတဲ့ တရုတ်နိုင်ငံဟာ လက်ရှိဖြစ်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ရပ်တန့်ဖို့ ဖိအားပေးလာနေတာဖြစ်ပြီး စစ်ကောင်စီအာဏာတည်မြဲမှသာ သူတို့ရဲ့ အကျိုးစီးပွားတွေ ရေရှည်တည်တံ့နိုင်မယ်လို့ ယူဆချက် ရှိနေတာဖြစ်ပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နဲ့ ဧရာဝတီ သီးသန့် အင်တာဗျူးထဲက တရုတ်နဲ့ AA ဆက်ဆံရေး အခြေအနေကို ကောက်နုတ်ဖော်ပြလိုက်တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #MNDAA #ရှမ်းပြည်နယ် #TNLA #AA #ဗိုလ်ချုပ်ထွန်းမြတ်နိုင် #တရုတ် #ညီနောင်မဟာမိတ်