ဆုံးရှုံးသွားတဲ့ မြို့ရွာတွေကို တန်ပြန် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထုတ်ပြောပြီးတဲ့နောက် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး တပတ်အတွင်း လူ ၁၀၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ခရီးစဉ်မှာ စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာ၊ စစ်ရှောင်စခန်း၊ စာသင်ကျောင်းနဲ့ အကျဉ်းသား ထိန်းသိမ်းရေးစခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #လေတပ် #စစ်ရာဇဝတ်မှု #မင်းအောင်လှိုင် #ဗုံးကြဲ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR