ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ စစ်ကောင်စီတပ်တွေ နောက်ဆုံး အထိုင်ချတပ်စွဲနေတဲ့ လက်ကီးမန်းဟော်တယ်ကို ဝိုင်းရံတိုက်ခိုက်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဧရာဝတီကို ပြောပါတယ်။
ဆိုင်းတောင်မြို့မ ရဲစခန်းကို စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၇ နာရီ လောက်မှာ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် လက်ကီးမန်းဟော်တယ်အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကတော့ ဆိုင်းတောင်ကို လက်မလွှတ်ရအရေး လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဆိုင်းတောင် #ကချင်ပြည်နယ် #KIA #PCG
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR