ဆေးတပ်သား ၁၈ ဦးဟာ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဆေးဌာနက ကြီးမှူးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်း တက်ရောက်နေသူတွေဖြစ်ပြီး သင်တန်းမစ်ရှင်လေ့ကျင့်ရေးပြုလုပ်နေစဉ် ချောင်းတခု ဖြတ်အကျော်မှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။
သေဆုံးသူ ၁၈ ဦးထဲမှာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၈ ဦးပါဝင်ပြီး KNDF က ရဲဘော်တွေအပြင် တပ်ပေါင်းစုက အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွေကလည်း ဧရာဝတီကို အတည်ပြုပါတယ်။
ဆေးသင်တန်းဟာ KNDF နဲ့ အတူ တပ်ပေါင်းစုလိုအပ်ချက်အရ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အခုဖြစ်စဉ်အပေါ် KNDF ဗဟိုအနေနဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မိဘပြည်သူတွေကို ထုတ်ပြန် အသိပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ကရင်နီ #ဆေးတပ်သား #ရေကြီး #KNDF
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR