စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာက ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ၂ နှစ်ရှိခဲ့ပြီဆိုပေမယ့်၊ အခုချိန်ထိ ရွာသားတွေအတွက်တော့ အိမ်မက်ဆိုးထဲကနေ ရုန်းမထွက်နိုင်ကြသေးပါဘူး။
လေယာဥ်သံကြားတိုင်း ဆောက်တည်ရာမဲ့ ကြောက်ရွံစိုးရိမ်စိတ်တွေ ခံစားနေကြရဆဲဖြစ်ပြီး စိတ်ဒါဏ်ရာတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ အဆိုပါဖြစ်ရပ်ဆိုးမှာ အသက်ဘေး လွတ်မြောက်လာခဲ့တဲ့ ဆရာမ မအေးမာက ဆိုပါတယ်။
လက်ယက်ကုန်းကျေးရွာက ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရုံသားမက လက်နက်တွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်(၆)ဦးအပါအဝင် (၁၃) ဦးသေဆုံးခဲ့ပါတယ်။
အဲ့ဒီအဖြစ်ဆိုးကနေ ရုန်းထွက်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးကြတဲ့အဖွဲ့အစည်းတွေ ရောက်ခဲ့ကြပေမယ့်၊ ဒေသခံရွာသားတွေအတွက်ကတော့ ရွာအတွက် တရားမျှတမှု ရနိုင်မှပဲ စိတ်ကျေနပ်နိုင်ကြမယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #လက်ယက်ကုန်း #၂နှစ်ပြည့် #စာသင်ကျောင်း #ဗုံးကြဲတိုက်ခိုက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR