ဗီယက်နမ်နိုင်ငံကို ဝင်တဲ့ ယာဂိမုန်တိုင်းရိုက်ခတ်မှုဒဏ်ကို မြန်မာမြို့ပေါင်း ၅၀ ကျော်ကြုံတွေ့နေရပြီး လူသေဆုံးမှု ၁၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါဟာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့ကြားက လက်လှမ်းမီသလောက် ရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး ဒီထက်လည်း များနိုင်ပါတယ်။
ရေဘေးသင့်ဒေသတွေဟာ ကြိုတင်သတိပေးမှုတွေကို မရရှိခဲ့ကြသလို ရေဘေးသင့်နေချိန်မှာလည်း ကူညီ၊ ကယ်ဆယ်ရေးတွေကို ထိထိရောက်ရောက် မရရှိခဲ့ကြဘဲ အသေအပျောက်နဲ့ ပျက်စီးမှုတွေများပြားခဲ့ရပါတယ်။ နေပြည်တော် ကောင်စီနယ်မြေတဝိုက် ရေကျသွားချိန်မှာ စစ်တပ်ရဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ မြင်ကွင်းတချို့တွေ့ရပေမယ့် ရေဘေးသင့် ဒေသအများစုကိုတော့ ဖြန့်ကျက်လုပ်ဆောင်တာ မတွေ့ရပါဘူး။
ဧရာဝတီက အပတ်စဉ် တင်ဆက်နေတဲ့ အယ်ဒီတာစကားဝိုင်းအစီအစဉ်က အယ်ဒီတာချုပ် အောင်ဇော် ပြောကြားချက်ကို ကောက်နုတ်တင်ပြထားတာဖြစ်ပါတယ်။