Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တက်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့ မြန်မာ ကောင်စစ်ဝန်ရုံး ချင်းမိုင်မြို့တို့မှာ ဆောင်ရွက်ပေးတော့မှာမဟုတ်ဘူးလို့ စစ်ကောင်စီ သံရုံးက ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို ထွက်ခွာသူတွေထဲမှာ နေထိုင်ခွင့် Visa ရရှိဖို့ အတွက် ကာလတို ဘာသာစကားသင်တန်းကို တက်ရောက်နေကြသူတွေလည်း ရှိနေတာပါ။
အာဏာသိမ်း စစ်ကောင်စီက အခုလို passport သက်တမ်းတိုး ရပ်ဆိုင်း လိုက်တာဟာ လူ့အခွင့် အရေး ချိုးဖောက်တာဖြစ်ပြီး ပြည်တွင်းကို ပြန်လာအောင် လုပ်ပြီး အတင်းအဓမ္မစစ်မှုထမ်းဖို့ ကြိုးစားတာလို့ Non-ED Visaနဲ့ ကျောင်းတက်နေတဲ့ လူငယ်တွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #EDVisa #ထိုင်းနိုင်ငံ #မြန်မာသံရုံး #သက်တမ်းတိုးခွင့်