တရုတ်နိုင်ငံအနေနဲ့ မြန်မာ ပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလိုက်နာမှာ ဖြစ်သလို၊ မြန်မာနိုင်ငံအပေါ်ထားတဲ့ တရုတ်ရဲ့ ချစ်ကြည်ရေး မူဝါဒဟာ မြန်မာပြည်သူ တစ်ရပ်လုံးကိုမျက်နှာမူ တယ်လို့ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဆန့်ကျင်ဖက် ဖြစ်နေတယ်လို့ တရုတ်အရေးကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
တရုတ်ဟာ စစ်ကောင်စီကို ကျောထောက်၊ နောက်ခံအနေနဲ့ လက်နက်နဲ့ နည်းပညာ အထောက်အပံ့တွေ ပေးနေသလို၊ တရုတ်သံအမတ်တွေဟာ နေပြည်တော်ကိုမကြာခဏဆိုသလို လာရောက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ၊ ဆွေးနွေး၊ ညှိနှိုင်းမှုတွေ ရှိနေပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေကိုပါ တော်လှန်ရေးတပ်တွေအနေနဲ့ သိမ်းပိုက်ထားနိုင်နေပြီဖြစ်သလို စစ်ခေါင်းဆောင်တွေ နေထိုင်တဲ့ မြို့ကြီးတွေကိုပါ စစ်ရေးအရခြိမ်းခြောက်ထားနိုင်တဲ့အနေအထားမှာ တရုတ်ရဲ့ ငြိမ်းချမ်းရေး အကြောင်းပြ ဝင်ရောက်စွက်ဖက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတာလို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာပြည်သူတွေကပါ ရှုမြင်နေတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #မြန်မာ့အရေး #စစ်ပွဲ #လူထုဆန္ဒ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR