မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့နိုင်ငံတော်ကနေ ခွဲထွက်မှာမဟုတ်ဘူးလို့ စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ သဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်က ခွဲထွက်မှာ မဟုတ်တဲ့ အပြင် နိုင်ငံတော် အာဏာကို လုယူတာ၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်သစ် ထူထောင်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ပါရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်းမှာ MNDAAအနေနဲ့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အပါအဝင် မြို့ ၉မြို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ စတင်နေပြီ ဖြစ်ပါတယ်။
၁၀၂၇စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ဟာ မြန်မာပြည်သူတွေ မျှော်မှန်းတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကြေငြာထားခဲ့ပေမယ့် လက်ရှိမှာတော့ တရုတ်ရဲ့ ဖိအားတွေကို အပြင်းအထန် ရင်ဆိုင်နေရတာကြောင့် MNDAAအနေနဲ့ အခုလို ထုတ်ပြန်တာလို့ တရုတ်- မြန်မာအရေးကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေး သုတေသီတွေက သုံးသပ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #MNDAA #တရုတ် #ခွဲမထွက်ရေး #နိုင်ငံသစ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR