မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ စစ်ပွဲအကြား တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား ပဋိပက္ခတွေမှာ ပါဝင် ပတ်သက်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေဖြစ်တဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရတ်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့တွေဟာ တရုတ်ရဲ့ဖိအားပေးမှုကို ခံနေရပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံအတွင်းက သူရဲ့ နိုင်ငံတကာ စီမံကိန်းကြီးတွေ၊ စီးပွားရေးဇုန် လုပ်ငန်းကြီးတွေ ဆက်လက် လည်ပတ်နိုင်ရေးအတွက် ပဋိပက္ခတွေကို အမြန်ဆုံးပြေလည်ဖို့ လိုလားနေတာပါ။
တရုတ်ရဲ့ဖိအားကြောင့် ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်နေတဲ့ MNDAA တပ်ဟာ စစ်ပွဲတွေရပ်မယ်လို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားရပြီး စစ်ဆင်ရေးတွေဆင်နွဲနေဆဲဖြစ်တဲ့ TNLA ကို သတိပေးခြိမ်းခြောက်စာတွေလည်း ပေးပို့တာမျိုးရှိနေပါတယ်။
ဒါပေမယ့် တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးကို ဝင်ရောက် စွတ်ဖက်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပြီး အနောက်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်မစွက်ဖို့ သတိပေးထားတာတွေ့ရပါတယ်။
တရုတ်ဟာ ပြောစကားနဲ့ လက်တွေ့လုပ်ရပ်ဟာ ဗြောင်ဆန့်ကျင်နေတယ်လို့ မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေတဲ့ ဒေါက်တာတေဇာဆန်းက ဆိုလိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ်နိုင်ငံ #မြန်မာ့အရေး #ပဋိပက္ခ #စစ်ကောင်စီ #ဒေါက်တာတေဇာဆန်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR