ထိုင်းနိုင်ငံမှာ မြန်မာနဲ့ ပတ်သက်ပြီး ပစ်မှတ်ထား ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေရှိလာနေတာကြောင့် ထိုင်းရောက်မြန်မာတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ကြားမှာလည်း စိုးရိမ်မှုတွေရှိနေပါတယ်။
ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေအနေနဲ့ အခုလို တောင်းဆို၊ ဆန္ဒပြလာမှုတွေဟာ ပိုမိုပြင်းထန်လာနိုင်တဲ့အနေအထားမှာ ရှိနေတာ ကြောင့် အခုလို အခြေအနေတွေမှာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်လာကြတဲ့ မြန်မာတွေနဲ့ အလုပ်သမားတွေအနေနဲ့ ယခင်ကထက် ပိုမို သတိထား နေထိုင်ကြဖို့၊ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၄၊ ဇန်နဝါရီအထိ MOU စနစ်နဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ဦးရေဟာ ၃ သိန်းကျော်ရှိပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားဦးရေ ၃ သန်း ဝန်းကျင်အထိ ရှိနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားကြပါတယ်။
ထိုင်းနိုင်ငံဟာ နိုင်ငံတကာ သဘောတူညီချက်ဆိုင်ရာ ကတိကဝတ်တွေဖြစ်တဲ့ ကွန်းဗန်းရှင်းတွေထဲ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံမှုရရှိရေး အစရှိတဲ့ ကူညီ၊ ကာကွယ်မှုတွေနဲ့ သက်ဆိုင်တဲ့ ကွန်းဗန်းရှင်းတွေမှာ တရားဝင် သဘောတူညီချက် လက်မှတ် ရေးထိုးထားတာမျိုး မရှိပါဘူး။
#မြန်မာ #ဧရာဝတီ #ထိုင်းအမျိုးသားရေးလှုပ်ရှားသူ #ဆန္ဒပြ #မြန်မာရွေ့ပြောင်း #ထိုင်းနိုင်ငံဥပဒေ