ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေရဲ့ ကွန်ဒိုဝယ်ယူမှုဟာ ၂၀၂၃ ရဲ့ နှုန်းထားကို ကျော်လွန်ပြီး စံချိန်တင် မြင့်တက်နေပါတယ်။
၂၀၂၃ မှာ နံပါတ် ၄ အဆင့်ထိ ရောက်ခဲ့ရာက ၂၀၂၄ မှာတော့ တရုတ်နဲ့ ရုရှားကို ကျော်လွန်ပြီး နံပါတ် ၂ အထိ တက်လာခဲ့တာပါ။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာပဲ မြန်မာတွေရဲ့ ကွန်ဒိုဝယ်မှုနှုန်းထားဟာ ပြီးခဲ့တဲ့ ၂၀၂၃ တနှစ်လုံးရဲ့ ရောင်းအားကို ကျော်လွန်ခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာက ဖော်ပြပါတယ်။
နိုင်ငံအတွင်း စစ်ရေး ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေဟာ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေအထိ ရောက်ရှိလာချိန်မှာတော့ ထိုင်းနိုင်ငံအတွင်းက ကွန်ဒို၊ တိုက်ခန်း နဲ့ အိမ်ခြံမြေဝယ်မှုမှုတွေမှာ စစ်ကောင်စီနဲ့ သူတို့နဲ့နှီးနွယ်တဲ့သူတွေရဲ့ ဝယ်လိုအားတွေလည်း ရှိလာပြီး ဝယ်ယူမှု မြင့်တက်နေတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်းကွန်ဒို #မြန်မာဝယ်ယူမှု #စံချိန်တင်