ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထောက်အထားထုတ်ပေးမယ့် ဥပဒေသစ်ဟာ မြန်မာနိုင်ငံသားတွေအတွက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းမှာ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကအထောက်အထားမဲ့ အလုပ်သမားတွေကို တရားဝင်အလုပ်သမားကတ် လုပ်ပေးဖို့နဲ့အထောက်အထားရှိထားတဲ့ ပန်းရောင်ကဒ်၊ work permit ၊ CI နဲ့ Passport (PJ)ရှိပြီးသူတွေအနေနဲ့ နောက်တကြိမ် သက်တမ်းတိုးတဲ့အခါ MOU ပုံစံနဲ့ အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ် တိုးမြင့်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
MOU စနစ်ဆိုတာ အစိုးရချင်းချိတ်ဆက်ဆောင်ရွက်ရတဲ့ စနစ်ဖြစ်တာကြောင့် သက်တမ်းတိုးချင်သူ အလုပ်သမားတွေဟာ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို စစ်ကောင်စီ ဆီထံမှာ ပေးသွင်းရမှာ ဖြစ်ပါတယ်။
MOU စနစ်ကို လုပ်ဆောင်မယ်ဆိုရင် သက်တမ်းတိုးကြရမယ့် အလုပ်သမားတွေဟာ ကော့သောင်း၊ တာချီလိတ်နဲ့ မြဝတီ အစရှိတဲ့ နယ်စပ်ဂိတ်တွေကို မဖြစ်မနေ ပြန်ရမှာဖြစ်ပြီး၊ မြန်မာပြည်ဘက်မှာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ လစာဝင်ငွေ ၂၅ ရာခိုင်နှုန်းကို အခွန်အခအဖြစ် ပေးဆောင်မှသာ သက်တမ်းတိုးခွင့်ရရှိမှာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်းအလုပ်သမားဥပဒေ #သက်တမ်းတိုး #MOU #ရွှေ့ပြောင်း #မြန်မာပြည်ပြန် #၂နှစ်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR