တရုတ်နိုင်ငံကနေ မှာယူထားတဲ့ FTC 2000 G အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဥ်အသစ် ၆ စင်းကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ စစ်ကောင်စီ လက်ခံရရှိထားတယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။
၂၀၂၀ ခုနှစ်က တရုတ်နိုင်ငံကနေ မှာယူထားတဲ့ လေယာဥ်တွေဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပထမအကြိမ် ၆ စီးပို့ထားပြီး အခု ဒုတိယအကြိမ် ပို့ဆောင်လာတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ အခုလက်ခံရရှိထားတဲ့ လေယာဥ်တွေကို အခြေအနေတွေအရ တပ်တော်မဝင်ခင်မှာပဲ သုံးနိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတယ်လို့ သိရပါတယ်။
မြေပြင်စစ်ဆင်ရေးတွေမှာ အကြီးအကျယ်ရှုံးနိမ့်နေတဲ့ မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရှိတဲ့ အရပ်ဘက် ပစ်မှတ်တွေကိုပါ လေကြောင်းနဲ့ တိုက်ခိုက်နေချိန် FTC 2000 G တရုတ်နိုင်ငံကနေ ထပ်ရောက်လာတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #လေယာဥ်သစ် #FTC2000G #တရုတ် #၆စီး #လေတပ်