မန္တလေးတိုင်းအတွင်း အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို စက်တင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ပစ်ခတ်မှုမှာ ပါဝင်သူတွေက ဧရာဝတီကို အတည်ပြုပါတယ်။
Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က ဦးဆောင်ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုဟာ ၃ ကြိမ်မြောက် တိုက်ခိုက်မှုလည်း ဖြစ်သလို၊ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
ဒီတကြိမ်ပစ်ခတ်မှုကို အနီးကပ် စစ်ဆင်ရေး ပုံစံ ဖော်ဆောင်ခဲ့တာပြီး၊ လပခ ထဲကို ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်ခဲ့ရာမှာ ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူ ဧရာဝတီပြောပါတယ်။
မန္တလေးမြို့ထဲမှာတော့ ဩဂုတ်လအတွင်းမှာကတည်းက စစ်အင်အားအများအပြားချထားပြီး ကင်းလှည့်နေသလို နန်းမြို့ရိုးကျုံးတလျှောက်နဲ့ အောင်မြေသာစံ မြို့နယ်တဝိုက်မှ လုံခြုံရေးနဲ့ စစ်ဆေးရေးတွေ တင်းကြပ်စွာလုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #လပခ #မန္တလေး #ရှော့တိုက်ဒုံး #BWM
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR