မြန်မာပြည်တွင်းက စစ်ဘေးသင့် ဒေသတွေမှာ ရေဘေးဒဏ်ခံရတဲ့ပြည်သူတွေကို ကူညီဖို့ရည်ရွယ်ပြီး၊ စက်တင်ဘာလ ၂၉ က မေရီလန်းပြည်နယ်၊ Rockville မြို့က မြန်မာမီနီမတ်မှာ အမေရိကန်ရောက် မြန်မာပြည်သူတွေ စုပေါင်းပြီး၊ ရန်ပုံငွေဈေးရောင်းပွဲတော်နဲ့ ရေဘေးအလှူခံတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်မှာနေထိုင်ကြသူတွေက ဒီအစီအစဉ်ကို လုပ်ဆောင်ခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက်မြို့မှာနေထိုင်ကြတဲ့ New York City Burmese Community (NYCBC) အဖွဲ့ကလည်း ရေဘေးသင့်ဒေသက ပြည်သူတွေကို ကူညီဖို့အလှူခံခဲ့ကြပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာတော့ မြန်မာပြည်တွင်းက ရေဘေးသင့်ဒေသတွေကို ကူညီနိုင်စေဖို့ ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ တခုကိုလည်း မေရီလန်းပြည်နယ်မှာ ကျင်းပမှာဖြစ်ပြီး၊ အဆိုတော် အာဇာနည်၊ ခင်ဖုန်းနဲ့ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးတို့ ပါဝင်သွားမယ်လို့ သိရပါတယ်။
#ဧရာဝတီ #မြန်မာ #ရန်ပုံငွေ #ရေဘေး #အမေရိကန် #မေရီလန်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR