စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်းဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အယောက် ၄၀ နီးပါးကို အရှင်ဖမ်းဆီးမိခဲ့ကြပါတယ်။
စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းက စီပါကျေးရွာနဲ့ ကျွဲသေချောင်းကျေးရွာကြားမှာ အင်အား ၁၂၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းလာရောက်ချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး စစ်ကြောင်းတခုလုံးကို တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်ရေးမှာ ပါဝင်တဲ့ အဖွဲ့တွေက ဧရာဝတီကို ပြောပါတယ်။
လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီ အဖွဲ့တွေထဲမှာ ပြည်သူစစ်မှုထမ်း ဥပဒေ နဲ့ ခေါ်ဆောင်ခံထား ရသူတွေလည်း ပါဝင်ခဲ့ပြီး လက်နက် အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ဘုတလင် #စစ်ကိုင်းတိုင်း #စစ်သား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR