မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်တွေဟာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဘက်က ရည်တည်ကြောင်း ထင်ထင်ရှားရှား မြင်တွေ့လာရတယ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာပြောပါတယ်။
တရုတ်အနေနဲ့ မြန်မာပြည်သူတွေ အလိုမရှိတဲ့ စစ်အာဏာရှင်ဘက်ကရပ်တည်ပေးနေရင် မြန်မာတနိုင်ငံလုံးက ပြည်သူတွေရဲ့ မုန်းတီးခြင်းကို နှစ်ရာချီခံရနိုင်သလို တော်လှန်ရေးကာလပြီးတဲ့ အချိန်မှာလည်း ၂ နိုင်ငံဆက်ဆံရေးတွေ ခက်ခဲသွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ဘက်ကို ကူညီပေးခြင်းကြောင့် တရုတ်ရဲ့ ဂုဏ်သိက္ခာကျဆင်းနိုင်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံရေးအပေါ် ပါဝင်ပတ်သက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ကျရောက်နေတဲ့ တရုတ်နိုင်ငံရဲ့ ဖိအားတွေနဲ့ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ကို ဆက်သွယ်မေးမြန်းချက် အပေါ် ကောက်နုတ်တင်ပြထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါက်တာမီမီဝင်းဘတ် #တရုတ်နိုင်ငံ #စွက်ဖက်မှု
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR