စိမ်းညို့ညို့တောင်တန်းကြီး ၂ ခုအကြား ဖြတ်သန်း စီးဆင်းနေတဲ့ တောင်ကျချောင်းနံဘေးက မုန်းကုဆင်စခန်းလေးဟာ ဆင်တွေ၊ သာယာလှပတဲ့ ရှုခင်းတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ နေရာလေးပါ။
ဒီဘေးမဲ့တော ဆင်စခန်းထဲမှာ ဆင်တွေ၊ မျောက်တွေ၊ ကြောင်တွေ၊ ဆိတ်တွေနဲ့ ကျွဲတွေကို မီခိုပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရာပေါင်းများစွာ ရှိနေပါတယ်။ အခုတော့ စံချိန်တင် ရေကြီးမှုအောက်မှာ ဆင်စခန်းတခုလုံးဟာ သုဿန်တစပြင်ကြီးတခုလို ရွှံ့နွံပြင်ကြီး ဖြစ်သွားခဲ့ရပါတယ်။
ဒီလို ရွာတခုလုံး ရေထဲ နစ်မြုပ်သွားတဲ့ အထိ ပြင်းထန်တဲ့ ရေကြီး၊ ရေလျှံမှုကြီးဟာ ချင်းမိုင်ခရိုင်အတွင်းမှာ စံချိန်တင်ဖြစ်ခဲ့တာပါ။
ဒါပေမယ့် တဖက်မှာလည်း ဒီရွာလေး ပျက်စီးသွားပြီး ရွာသားတွေ အိုးမဲ့၊ အိမ်မဲ့ ဖြစ်သွားရတယ်ဆိုတာထက်ကို ပိုနက်ရှိုင်းတဲ့အခြေအနေတွေလည်း ရှိနေပါသေးတယ်။ ဒါကတော့ ဒီနေရာကို မှီခိုအလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေ ဆက်လက် ရှင်သန်ရေးအတွက် စိန်ခေါ်မှုလည်း ဖြစ်လာပါတယ်။
#ဧရာဝတီ #မုန်းကုရွာ #ဆင်စခန်း #မြန်မာအလုပ်သမား #ချင်းမိုင် #ရေကြီးနစ်မြုပ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR