ကချင်ပြည်နယ် အထူးဒေသ (၁)၊ တရုတ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နယ်ခြားစောင့်တပ် (BGF) ဌာနချုပ် အခြေစိုက်ရာ ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အောက်တိုဘာလ ၁၈ ရက်နေ့ ညမှာ သိမ်းပိုက်လိုက်ပါတယ်။
တရုတ်က KIA ခေါင်းဆောင်ပိုင်းတွေကို ခေါ်ယူတွေ့ဆုံပြီး တိုက်ပွဲတွေ ဆက်လက်မဖော် ဆောင်ဖို့ သတိပေးခဲ့တဲ့ ကြားက သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြို့ပေါ်မှာ KIA က နေရာယူ စစ်ဆေးမှုတွေ လုပ်နေပြီး တရုတ်ဘက်ကလည်း နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #ပန်ဝါ #ကချင်ပြည်နယ် #KIA #BGF #တရုတ်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR