တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ၂ရက်တာ ကျင်းပမယ့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) တက်ရောက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်အစိုးရက ဖိတ်ကြားထားတာ ဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ်လီချန်ဟာ အာဏာသိမ်းခေါင်းဆောင်ကို လက်ခံတွေ့ဆုံနိုင်ပြီး ၂၀၂၅ ခုနှစ်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိစ္စကိုဆွေးနွေးမယ်လို့ ယူဆချက်တွေလည်း ရှိနေပါတယ်။
တရုတ်ရဲ့ ဖိတ်ကြားမှုဟာ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်ပြီး အာဏာသိမ်း စစ်တပ်က အကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲဆိုတာကို တရုတ်အနေနဲ့ ကူညီပေးဖို့ ကြိုးစားနေတာဟာ စစ်ကောင်စီဖက်ကို ရပ်တည်လိုက်ပြီး ပြည်သူရဲ့မျှော်လင့်ချက်ကို မျက်ကွယ်ပြု လိုက်တာလားလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးက ဆိုလိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ခေါင်းဆောင် #တရုတ်ခရီးစဉ် #ရွေးကောက်ပွဲ #ဦးမိုးဇော်ဦး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR