တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်နေ့ ည ၉နာရီဝန်းကျင်က ခရီးသည် ၈၀ ကျော်ပါဝင်တဲ့ စက်လှေ တိမ်းမှောက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် လူ ၁၁ဦး သေဆုံးခဲ့ရပါတယ်။
ပုလောမြို့၊ ကျောက္ကာရွာအနီးက ရေစီးကြမ်းတဲ့ ပင်လယ်ဝ အနီးမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ ၁၄ဦးဝန်းကျင်ဟာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဧရာဝတီကို ပြောပါတယ်။
ဒီစက်လှေပေါ် လိုက်ပါလာသူတွေအများစုဟာ စစ်ဘေးရှောင်တွေဖြစ်ကြပြီး ကျောင်းသားတွေနဲ့ ရွာသားတွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ပြင်းထန်နေတာ ကြောင့် ဒေသခံတွေဟာ ရေလမ်းကြောင်းနဲ့ မြိတ်ကို ထွက်ခွာဖို့ ကြိုးပမ်းခဲ့ကြတာလို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #တနင်္သာရီ #ပုလော #စက်လှေ #တိမ်းမှောက်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR