အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မတိုင်ခင် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းတွေဟာ တရုတ်နိုင်ငံ၊ ပေကျင်းကို ရောက်ရှိနေကြပြီး တရုတ်အစိုးရရဲ့ အကြံပေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ကြားခံထားရတဲ့ လာမယ့် နိုဝင်ဘာ ၅ ရက် ကနေ ၇ ရက်အထိ ကူမင်းမှာ ကျင်းပမယ့် မဲခေါင်ဒေသနိုင်ငံများ အစည်းအဝေး မတိုင်ခင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေဟာ ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ် Paragon Institute ရဲ့ မြန်မာနိုင်ငံ မူဝါဒရေးရာ အကြံပေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ လည်း ဖြစ်တဲ့ ဦးသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းလည်းဖြစ် အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးလှမင်းတို့ ဖြစ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကူမင်းခရီးစဉ် မတိုင်ခင်မှာ MIရဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးရဲ့ ပံ့ပိုးမှုနဲ့ ပေကျင်းကို ရောက်နေတာဟာ စစ်ကောင်စီနဲ့ တရုတ်အကြား ဆက်ဆံရေးအတွက် အရေးပါတယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #စစ်ထောက်လှမ်းရေးဟောင်း #ဦးသိန်းဆွေ #ဦးလှမင်း
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR