Miss Grand International 2024 ကို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သဲစုငြိမ်း တတိယဆု ရရှိခဲ့တဲ့အပေါ် အလှမယ်ကိုယ်စားပြု ဒါရိုက်တာက မကျေနပ်ခဲ့ဘဲ သရဖူနဲ့ ဆုစလွယ်ကို ပြိုင်ပွဲစင်မြင့်မှာတင် ဖယ်ရှားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ပွဲဆူသွားစေခဲ့ပါတယ်။
ဒီလုပ်ရပ်အပေါ် နိုင်ငံတကာနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ထိုင်းနိုင်ငံက သူတွေအနေနဲ့ ဝေဖန်မှုတွေရှိနေပြီး မြန်မာကိုယ်စားပြု ပြိုင်ပွဲဝင်နဲ့ အဖွဲ့ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာမှာ မြန်မာရဲ့ ဂုဏ်သိက္ခာ မတက်စေခဲ့တဲ့အပြင် အငြင်းပွားစရာ၊ အရှက်ရစရာ နဲ့ လူမျိုးရေး အမုန်းတရားတွေကို ဦးတည်စေခဲ့ပါတယ်။
ဒီနှစ်မှာ Miss Grand International ကို ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ်နဲ့ အဖွဲ့ဟာ မြန်မာလူမျိူးတွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေအတွင်းက မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေတွေကို ကိုယ်စားမပြုခဲ့ပါဘူး။
#မြန်မာ #ဧရာဝတီ #သဲစုငြိမ်း #MGI #အလှမယ် #MissGrandInternational2024 #ပန်ထွာဘုရင်မ #သဲသဲ
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR