တရုတ်အစိုးရအနေနဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနိုင်ဖို့ တရားဝင်နယ်စပ်ဂိတ် ၅ ဂိတ် အပါအဝင် ဂိတ်အားလုံးနီးပါးကိုကန့်သတ်ပိတ်ဆို့ ထားပါတယ်။
နယ်စပ်ကုန်သွယ်ရေးဂိတ်တွေက တဆင့် လောင်စာဆီနဲ့ လျှပ်စစ်ပစ္စည်းတွေကို အဓိက ပိတ်ဆို့ခဲ့တဲ့ အတွက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသတွေမှာ စက်သုံးဆီနဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေဟာ နှစ်ဆလောက် စျေးနှုန်းမြင့်တက်သွားပါတယ်။
တရုတ်အနေနဲ့ နယ်စပ်ဂိတ်တွေမှာ လောင်စာဆီနဲ့ စက်သုံးဆီတွေကို ကန့်သတ်ထားပေမဲ့ တရုတ်နိုင်ငံက လိုအပ်နေတဲ့ သတ္တုတွေကိုတော့ ဆက်လက်တင်သွင်းနေဆဲ ဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက ဧရာဝတီကိုအတည်ပြုပြောဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #သတ္တု
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR