မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ စစ်အနိုင်တိုက်ရေး လမ်းစဥ်နဲ့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ABSDF ရဲ့ ဥက္ကဌ ရဲဘော်သံခဲက ပြောပါတယ်။
ABSDF အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် မဟာမိတ်အဖွဲ့တွေ၊ ဒေသခံ ကာကွယ်ရေးတပ်တွေ၊ တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေး လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။
ABSDF ဖွဲ့စည်းခဲ့တဲ့ ၃၆ နှစ်တာကာလအတွင်းမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေအတွက် ကြိုးပမ်းနေပြီး ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက်မှာ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ပေါင်း ၈၂၆ ဦး ကျဆုံးပြီး ၄၃၅ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ABSDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR