စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေကို တရုတ်အနေနဲ့ထောက်ခံအားပေးတာတွေ မလုပ်ဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက အသိပေး ဆန္ဒထုတ်ဖော်လိုက်ကြပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၃၁ ရက်နေ့က မြို့တော်ဝါရှင်ဒီစီမှာရှိတဲ့ တရုတ်သံ အမတ်ကြီးရဲ့ နေအိမ်ရှေ့နဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးရှေ့မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ သတ်ဖြတ်မှုတွေကို အားပေးထောက်ခံတာတွေ မလုပ်ဖို့ အသိပေး တောင်းဆိုခဲ့ကြတာပါ။
ဒီလိုပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို တရုတ်က စီးပွားရေးအရ ဆက်ဆံမှုတွေ လုပ်ဆောင်တဲ့အပြင် လိုအပ်တဲ့ ငွေကြေးအထောက်အပံ့တွေနဲ့ လက်နက်နည်းပညာတွေ ထောက်ပံ့ပေးနေပါတယ်၊၊
မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့စစ်ကောင်စီကိုခုခံတိုက်ခိုက်နေမှုတွေကို ရပ်တန့်သွားအောင် တော်လှန်ရေးအဖွဲ့တွေကိုလည်း တင်းတင်းကြပ်ကြပ် ဖိအားပေးမှုတွေလုပ်ဆောင်ပြီး စစ်ကောင်စီအထိမနာရေး ကူညီလုပ်ဆောင်ပေး နေတယ်လို့ ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR