ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC )ကိုဖွဲ့စည်းထူထောင်ထားတာ အခုဆို ၁ နှစ်ကျော် ရှိပြီဖြစ်ပါတယ်။
IEC ဟာ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC )ကနေ ပေါ်ပေါက်လာတာဖြစ်ပြီး အုပ်ချုပ်ရေး နဲ့ စစ်ရေးကဏ္ဍတွေအပြင် တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနဲ့ စစ်ဘေးရှောင် ကူညီရေးလို စာနာမှု ဆိုင်ရာ အကျပ်အတည်း ဖြေရှင်းဆောင်ရွက်ရေး စတဲ့ ကဏ္ဍ အသီးသီးမှာ တာဝန်ယူသွားမယ်လို့ ဆိုထားပါတယ်။
IEC ဘာတွေလုပ်နေလဲ၊ ဘာတွေရည်မှန်းထားလဲ Bottom-up Federalism အောက်ခြေကနေ အပေါ်ထိ တည်ဆောက်မယ့် ဖယ်ဒရယ်ဝါဒ ဆိုတာ ဘာလဲ၊ အတွင်းရေးမှူး (၁) မဇူးပဒုမ္မာကို ဧရာဝတီမြန်မာပိုင်း အယ်ဒီတာ ကိုရဲနည်က ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR