ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေ က တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။
၁၉၉၂ ခုနှစ်ကတည်းက တပ်စွဲထားတဲ့ ခေါပုတ်စခန်းဟာ စစ်ကောင်စီရဲ့ အမာခံ တပ်စခန်းတခုဖြစ်ပြီး စစ်ရေး မဟာဗျူဟာ အရ အရေးပါတဲ့ စခန်းတခု ဖြစ်တယ်လို့ မြေပြင် တော်လှန်ရေး တပ်တွေက ပြောပါတယ်။
ခေါပုတ်စခန်းမှာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်အနီးက ဆုတ်ခွာလာတဲ့ တပ်စခန်းတွေကနေ လာရောက် ပူးပေါင်းထားတဲ့ စစ်သည်တွေ အပါအဝင် စုစုပေါင်း အင်အား ၁၀၀ ခန့်ရှိပြီး ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထဲမှာ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ခေါပုတ်စခန်း #KNU #KNLA #PDF
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR