စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ သီချင်းမဆိုဘူးလို့ ဆုံးဖြတ်ချက်ချထားတဲ့ အဆိုတော် အေးချမ်းမေရဲ့ အသက် ၅၀ နှစ်ပြည့် မွေးနေ့နဲ့ တော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မေရီလန်း ပြည်နယ် Silver Spring မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
လူငယ်တွေကြားမှာ အခုချိန်ထိ ရေပန်းစားနေဆဲဖြစ်တဲ့ “တစစီကျိုးပဲ့နေတယ်”၊ “ဘုရားစူး”၊ “ဇာတ်ဆရာအလိုကျ” အစရှိတဲ့ တေးသီချင်းတွေဟာ ၁၉၉၀ ခုနှစ်ဝန်းကျင် အချိန်က အဆိုတော် အေးချမ်းမေရဲ့ အောင်မြင် ကျော်ကြားခဲ့တဲ့ သီချင်းတွေဖြစ်ပါတယ်။
ချိုချိုမြမြ နဲ့ အသံပါဝါကောင်းကောင်း သီဆိုတတ်တဲ့ အဆိုတော် အေးချမ်းမေဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရ လက်ထက် ၁၉၉၇ ခုနှစ်မှာ တေးသီချင်းသီဆိုခွင့် တားမြစ် ပိတ်ပင်တာကို ခံခဲ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR