အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးမှုတွေ ပြုလုပ်နေပြီး အာဏာသိမ်း စစ်ကောင်စီကို အလေးပေး ဆက်ဆံ နေတာတွေ ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ NUG၊ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ ပူးတွဲ သတင်း စာရှင်းလင်းပွဲမှာ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောဆိုလိုက်တာပါ။
စစ်ခေါင်းဆောင် ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပက်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆီကို လိပ်မူပြီး ပြန်လည်စဉ်းစား သုံးသပ်ဖို့ စာပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံထဲကို နိုဝင်ဘာ ၅ ရက်နေ့ကရောက်ရှိပြီး နိုဝင်ဘာ ၆ ရက်နေ့မှာပြုလုပ်မယ့် မဲခေါင်ရပ်ဝန်းထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #NUG #ဒေါ်ဇင်မာအောင် #စစ်ခေါင်းဆောင် #တရုတ်ခရီးစဥ် #မဲခေါင်ရပ်ဝန်း
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR