စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာမှာ ကုန်ဈေးနှုန်းဟာ အတက်ဖက်ကိုသာ ဦးတည်နေပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးတွေဟာ ထိန်းချုပ်လို့မရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
စစ်ကောင်စီဟာ ရွှေဈေးနဲ့ ဒေါ်လာဈေးကို ထိန်းချုပ်နိုင်ဖို့ ကုန်သည်တွေကို ဖမ်းဆီးတာအပြင် ရွှေဈေးကွက်ကို နေ့စဉ်ဈေးနှုန်းသတ်မှတ်ရေး ကော်မတီပါ ဖွဲ့ပြီး ဝင်ရောက် ထိန်းချုပ်တာ၊ ကုန်ဈေးနှုန်းထိန်းချုပ်ဖို့အတွက်ကိုလည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းလုပ်ဆောင် နေတာပါ။
ဒါ့အပြင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးခေါင်းစဉ်တပ်ပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်း အမိန့်နဲ့ ထိုင်းနဲ့ တရုတ်က သွင်းလာတဲ့ ကုန်စည်တွေကို ဂိုဒေါင်တွေ ဈေးကွက်ထဲထိ ဝင်ဖမ်းတာတွေအထိ လုပ်ဆောင်နေပါတယ်။
တရုတ်အစိုးရကလည်း တိုင်းရင်းသားတပ်တွေ အပစ်ရပ်ရေး နယ်စပ်တကြောက ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်ပြီး ဖိအားပေးနေပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးဆိုင်ရာ စစ်ကောင်စီလုပ်ကိုင်နေမှု အခြေအနေတွေနဲ့ လတ်တလော မြန်မာ့စီးပွားရေးဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် စီးပွားရေးပညာရှင် ဦးစိန်ဌေးနဲ့ ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာ ကိုရဲနည်တို့ ဆွေးနွေးထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy