ဒေါက်တာ ကိုထွန်းဝေနဲ့ အင်ဂျင်နီယာ ကိုကျော်ကျော်တို့ သူငယ်ချင်း နှစ်ယောက်ဟာ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ ဖြစ်ကြပြီး အမေရိကန်နိုင်ငံမှာနေထိုင်တာ ဆယ်စုနှစ်ပေါင်း များစွာ ရှိနေပါပြီ။
မြန်မာနိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ ခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်း လိုက်တာကို လက်မခံတာကြောင့် အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီကို ဆက်တိုက် ဆန္ဒပြလာတာ ၄ နှစ်ပြည့်ပါတော့မယ်။
စစ်ကောင်စီကို ဆန္ဒပြတာတင်မကဘဲ အာဏာသိမ်း စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး ကူညီပေးနေတဲ့ တရုတ်နိုင်ငံကိုပါ ကန့်ကွက်တဲ့အကြောင်း တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရှေ့မှာ ဆန္ဒဖော်ထုတ်မှုတွေ ဆက်တိုက်လုပ်ဆောင် နေကြပါတယ်။
တရုတ်နိုင်ငံနဲ့ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြပွဲတွေမှာ သူတို့ ၂ ဦးဟာ ရက်ပျက်မရှိခဲ့ကြပါဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း သူတို့ရပ်တည်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းခွင်တွေကိုပါ ဖျက်ပြီး လာခဲ့ကြရတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy