အာဏာသိမ်းစစ်ကောင်စီဘက်ကို ရပ်တည်လိုက်တဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံထုတ်ပစ္စည်းတွေကို မသုံးကြဖို့ အမေရိကန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းခေါင်းဆောင်ကို ကူမင်းမြို့ကို ဖိတ်ခေါ်ပြီး တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြု ဆန့်ကျင်တာဖြစ်ကြောင်း၊စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီရောင်းချတာတွေ မပြုလုပ်ဖို့အပြင် တရုတ်ထုတ်ကုန်ပစ္စည်းတွေကို တကမ္ဘာလုံးက ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
တရုတ်အစိုးရဟာ တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ကုန်ပစ္စည်းနဲ့ လောင်စာဆီ ဖြတ်တောက်ပိတ်ဆို့မှုနည်းလမ်းတွေနဲ့ ဖိအားအမျိုးမျိုးပေး ချုပ်ကိုင်နေပေမယ့်၊ ပြည်သူလူထု ၆၀၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ကိုတော့ လက်ခံတွေ့ဆုံတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးတွေမှာ ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy