ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသတွေ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ရန်ပုံငွေ စနစ်ကနေရနိုင်တဲ့ အခွင့်အလမ်း တစုံတရာ မရှိတာက ရှုပ်ထွေးတဲ့ စနစ်တွေကြောင့်လည်း ပါတယ်လို့ သုတေသန ပြုချက်အရ သိရပါတယ်။
ပဋိပက္ခနဲ့ ရာသီဥတုပြောင်းလဲမှုအရေးတွေကို အထူးပြု လေ့လာနေတဲ့ သုတေသီတဦးဖြစ်တဲ့ ဒေါက်တာဂျက်စတင်း ချိန်ဘာ က ပဋိပက္ခဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေကို လက်လှမ်းမှီနိုင်အောင် လုပ်ဆောင်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပံ့ပိုးသင့်တယ်လို့ ထောက်ပြပါတယ်။
ဒိန်းမတ်နိုင်ငံတကာရေးရာ လေ့လာရေးဌာန (Danish Institute for International Studies) မှာ မြန်မာနိုင်ငံအထူးပြု သုတေသနဆောင်ရွက်နေတဲ့ MyClimate အဖွဲ့က ဒေါက်တာ ဂျက်စတင်းချိန်ဘာဟာ မနုဿဗေဒ ပညာရှင်လည်း ဖြစ်ပြီး သုတေသနလုပ်ငန်း တွေကို ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ အထူးပြုလုပ်ဆောင်ပါတယ်။
#မြန်မာ #ဧရာဝတီ #ClimateDesk #Irrawaddy #ClimateChange #ရာသီဥတုပြောင်းလဲမှု #ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေ #MyClimate #DISS