ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ အညာဒေသကို ဝင်ပြီး စစ်ဆင်ရေးတွေလုပ်ဆောင်တော့မယ်လို့ BPLA ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခ က ကြေညာထားပါတယ်။
BPLA ဟာ ကရင်ပြည်နယ်ထဲက စစ်ဆင်ရေးတွေမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အတူ ပါဝင်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးတွေမှာလည်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့နဲ့ အတူပူးပေါင်း တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။
အညာကို ဝင်မယ့်စစ်ဆင်ရေးတွေမှာလည်း စစ်အာဏာရှင်ကို အနိုင်တိုက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ မောင်ဆောင်းခ က ဧရာဝတီနဲ့ သီးသန့် ဆက်သွယ်မေးမြန်းချက်မှာ ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy