စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးအပြီးမှာ စစ်ကောင်စီဟာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတာ တွေ့ရပါတယ်။
စစ်ခေါင်းဆောင်ဟာ တရုတ်ခရီးစဥ်အတွင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်း ပြတ်သားတဲ့ လုပ်ဆောင်ချက်ပြမှသာ ဆွေးနွေးမှုတွေ လုပ်ဆောင်မှာ ဖြစ်သလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လာပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy